Hello, Everyone ဒီနေ့မှာ ပြည့်က လူကိုယ်တိုင်လည်း အမေးများပြီး Page Messenger ကနေလည်း မေးမြန်းလေ့ရှိတဲ့ "Pilates ဘယ်ကစပြီး ဖြစ်ပေါ်လာလဲ"ဆိုတဲ့ " 𝐓𝐇𝐄 𝐎𝐑𝐈𝐆𝐈𝐍 & 𝐇𝐈𝐒𝐓𝐎𝐑𝐘 𝐎𝐅 𝐏𝐈𝐋𝐀𝐓𝐄𝐒" ကို ပြောပြပေးချင်ပါတယ်ရှင့်။
𝐓𝐇𝐄 𝐎𝐑𝐈𝐆𝐈𝐍 𝐎𝐅 𝐏𝐈𝐋𝐀𝐓𝐄𝐒
Pilates ကို 1900 အစပိုင်းကာလမှာ Joseph Hubertus Pilates မှစတင် မိတ်ဆက်ခဲ့ပါတယ်။အစောပိုင်းကာလမှာတော့ Pilates ကို "CONTROLOGY" လို့ နာမည်ပေးသတ်မှတ်ခဲ့ပါတယ်။
𝐇𝐈𝐒𝐓𝐎𝐑𝐘 𝐎𝐅 𝐏𝐈𝐋𝐀𝐓𝐄𝐒
◾ Joseph Pilates ကို 1880 အစောပိုင်းကာလ Germany မှာမွေးဖွားခဲ့ပြီးတော့ Joseph ဟာ ကလေးဘ၀တစ်လျှောက်လုံး ကျန်းမာရေး ချူချာပြီး အားနည်းတဲ့ကလေးတစ်ယောက်ဖြစ်ခဲ့ပါတယ်။ဒါကြောင့် သူဟာ အရွယ်ရောက်လာတဲ့အခါ Bodybuilding, Boxing နှင့် Diving အစရှိတဲ့ အားကစားမျိုးစုံကို လိုက်စားပြီး ကျန်းမာသန်စွမ်းတဲ့ သူတစ်ယောက်ဖြစ်အောင် ပြုလုပ်ခဲ့ပါတယ်။
◾ 1912 မှာ Joseph ဟာ England ကိုလာပြီးတော့ Scotland Yard က စုံထောက်တွေရဲ့ Self Defense Instructor အနေနဲ့ အလုပ်လုပ်ခဲ့ပါတယ်။ WW1 ကာလမှာ Joe ဟာ တခြား ဂျာမန်တွေနှင့်အတူ Isle Of Man မှာ စစ်မှုထမ်းခဲ့ပါတယ်။Joe ဟာ ဆေးရုံမှာ ဒဏ်ရာရ စစ်သားတွေကို ပြုစုစောင့်ရှောက်တဲ့အချိန်မှာ သူဟာ လူနာတွေ ဒဏ်ရာသက်သာပြီး ပြန်လည်လှုပ်ရှားလာနိုင်အောင် ဆေးရုံကုတင်ပေါ်မှာ လုပ်နိုင်တဲ့ လေ့ကျင့်ခန်းတွေကို စတင်ပြီးတော့ အသုံးချခဲ့ပါတယ်။နောက်ပိုင်းမှာတော့ သူဟာ resistance ရစေမယ့် ကြိုးတွေ ခါးပတ်တွေကို ဆေးရုံကုတင်နှင့် ချိတ်ဆက်ပြီးတော့ ယခုချိန်ထိ Pilates မှာအသုံးပြုလျက်ရှိတဲ့ Reformer လို့ခေါ်တဲ့ Apparatus ကိုတီထွင်ခဲ့ပါတယ်။Joe ဟာ ခန္ဓာကိုယ်မှာ အနာတရ Injury ဖြစ်ရတာဟာ Body Imbalance (ကြွက်သားတွေရဲ့ မညီညာမှု)နှင့် Incorrect Habitual Movement Patterns( မှားယွင်းတဲ့ ရွေ့လျားမှု)တွေကြောင့် ဖြစ်ပေါ်လာတယ်လို့ ယုံကြည်ထားပါတယ်။
◾ စစ်ကြီးပြီးတဲ့ အချိန်မှာ Pilates ဟာ Germany ကို ပြန်လည်ရောက်ရှိပြီးတော့ 1926 မှာ Joseph ဟာ USA ကို ပြောင်းရွေ့နေထိုင်ခဲ့ပါတယ်။Joseph ဟာ Clara နှင့် လက်ထပ်ပြီး New York City မှာ Fitness Studio ကို ဖွင့်လှစ်ခဲ့ပါတယ်။1960 ကာလမှာတော့ Joe နှင့် Clara ရဲ့ Clients တွေဟာ Ballet dancers, Athletes တွေမှစပြီး ကျယ်ပြန့်လူသိများလာခဲ့ပါတယ်။
◾ Joe ဟာ ၎င်းကွယ်လွန်ချိန် 1967၊အသက် 87 နှစ်အထိ ၎င်း၏ Studio မှာ Pilates ကို သင်ကြားပြသခဲ့ပါတယ်။Joe ၏ Pilates method တွေကို ၎င်းထံမှ တိုက်ရိုက်သင်ယူပြီး ပြန်လည်သင်ကြားပေးတဲ့ Pilates ဆရာတွေကိုတော့ "The Elders"လို့ ခေါ်ဝေါ်သမုတ်ခဲ့ပါတယ်။Joe ရေးသားခဲ့တဲ့ စာအုပ်တွေကတော့ "Pilates' Return To Life Through Contrology" နှင့် "Your Health: A Corrective System of Exercising That Revolutionizes the Entire Field of Physical Education" တို့ဖြစ်ပါတယ်။
ပြည့်အနေနဲ့လည်း အခုလို Pilates ကို သင်ကြားပြီး ကိုယ်ချစ်ခင်တဲ့သူတွေကို Knowledge Sharing လုပ်ပေးရတဲ့အတွက် အလွန်၀မ်းသာပြီး ကျေးဇူးအများကြီးတင်မိပါတယ်ရှင်။
""𝐂𝐨𝐧𝐭𝐫𝐨𝐥𝐨𝐠𝐲 𝐢𝐬 𝐝𝐞𝐬𝐢𝐠𝐧𝐞𝐝 𝐭𝐨 𝐠𝐢𝐯𝐞 𝐲𝐨𝐮 𝐬𝐮𝐩𝐩𝐥𝐞𝐧𝐞𝐬𝐬, 𝐧𝐚𝐭𝐮𝐫𝐚𝐥 𝐠𝐫𝐚𝐜𝐞 𝐚𝐧𝐝 𝐬𝐤𝐢𝐥𝐥 𝐭𝐡𝐚𝐭 𝐰𝐢𝐥𝐥 𝐛𝐞 𝐮𝐧𝐦𝐢𝐬𝐭𝐚𝐤𝐚𝐛𝐥𝐲 𝐫𝐞𝐟𝐥𝐞𝐜𝐭𝐞𝐝 𝐢𝐧 𝐭𝐡𝐞 𝐰𝐚𝐲 𝐲𝐨𝐮 𝐰𝐚𝐥𝐤,𝐢𝐧 𝐭𝐡𝐞 𝐰𝐚𝐲 𝐲𝐨𝐮 𝐩𝐥𝐚𝐲 𝐚𝐧𝐝 𝐢𝐧 𝐭𝐡𝐞 𝐰𝐚𝐲 𝐲𝐨𝐮 𝐰𝐨𝐫𝐤".
𝐉𝐨𝐬𝐞𝐩𝐡.𝐇 𝐏𝐢𝐥𝐚𝐭𝐞𝐬
Comments